ကျုပ် ဘဏ်လုပ်တုန်းကပေါ့ဗျာ...
နေ့ခင်းဘက် အပေါင်းအသင်းတွေနဲ့ လက်ဖက်ရည် သောက်ပြီး ဘဏ်ကို အပြန်...
အဘွားကြီးတစ်ယောက် ၂၆ bလမ်းကို ဟ်ိုကြည့် ဒီကြည့် လုပ်နေလို့...ကျူပ်က " အဖွား...လမ်းကူးချင် လို့လား..." လို့ ခါးလေး ကိုင်းပြီ ရိုရိုသေသေမေးလိုက်ပါတယ်..."ဟုတ်ပါတယ် ငါ့မြေးရယ်...အဖွားကို ကူညီ ပါ "လို့ အသံတုန်တုန် နဲ့ပြောတော့...ကျုပ် နှလုံးသားကိုညှစ်လိုက်သလို ပါပဲဗျာ...
ဒါနဲ့ အဖွား လာဆိုပြီး လက်မောင်းကို ဆုပ်ကိုင်ကာ ကျုပ် လမ်းဖြတ်ကူးလိုက်တယ်...
တဖြေးဖြေးနဲ့ လမ်းအလည်ခေါင်လည်းရောက်ရော... အဘွားကြီးက ကျုပ်ထင်မှတ်မထားတဲ့ အပြုအမူကို လုပ်ချလိုက်တယ်ဗျာ...
ကျုပ်လက်ထဲက ဗြုန်းခနဲ ရုန်းထွက်ပြီး..." အဖွား မကူးရဲဘူး...အဖွား မကူးရဲဘူး..."ဆိုပြီး နောက်လှည့်ပြေးပါလေရော ဗျို့ ...
ရုတ်တရက် မို့ ကျုပ်လည်း ကြောင်ပြီးကြည့်နေမိတယ်...နောက်မှ ကျုပ် ခေါင်းကြီး ကြီးသွားပြီး လူကထူပူသွားတယ်...
အဘွားအို နောက်လည်းမြန်မြန်ပြန်လိုက်ပြီး..."အဖွား ဘယ်လိုလုပ်လိုက်တာလဲ ဗျ...တခုခုဖြစ်ရင် ကျွန်တော့် ကို အမှုလာ ပတ်မှာ... " လို့ စိတ်တိုတိုနဲ့အော်မိလိုက်တယ်...(ဟုတ်တယ်လေဗျာ...ကားတိုက်သွားကြည့်ပါလားးး ဈေးချို က လူစည်စည်နဲ့ ကျုပ်တော့ အချောင်နေရင်း ထောင်နန်းစံရမှာလားမသိ...အလုပ်လည်းပြုတ်...သွားရောလေ ..)
ကျုပ်အော်လိုက်တော့...အဘွားကြီးက မျက်နှာငယ်လေးနဲ့ " အဖွား ကြောက်လို့ပါ ငါ့မြေးရယ် ...လမ်းလည်းမကူးတော့ပါဘူး အဖွားကို...ထမင်းဖိုးလေး ၁၀၀ လောက်..." တဲ့...ကျုပ်မှာ စိတ်ဆိုးရခက် ..သနားတာ .တဖက်နဲ့ လူက အီလည်လည်ကြီး...ဒါနဲ့ပဲ အဆုံးကျ ငွေ၁၀၀ ကန်တော့ ခဲ့ရတယ်...
လွန်ခဲ့သော ၁၃ နှစ်တုန်းကလေ...ခုတော့ ရယ်စရာပေါ့
1 comment:
ဒါက ရယ်စရာ လည်းမဟုတ် ဟာသလည်းမဟုတ် ဒါပေမယ့် စဉ်းစားစရာဗျ ပိုက်ဆံပဲတောင်းချင်လို့လား တကယ်ပဲ လမ်းမကူးရဲတာလားဆိုတာက စဉ်းစားစရာပါဗျာလေးစားပါတယ်ဗျာ {^_^}
Post a Comment