နာမည်အရင်းကို သိပ်မခေါ်ကြတော့ဘူး...ကျုပ်ထက်ကြီးတဲ့ သူတွေက မောင်စိုး တဲ့...ငယ်တဲ့သူများကျတော့ ကိုမောင်စိုး ဖြစ်ကုန်ရော...ကလေးတွေက ပုံပြင်ဆရာတဲ့...
ထားပါ...အဓိက ကနာမည်အကြောင်းပြောချင်လ်ုိ့ မဟုတ်ဘူး...အဲ ပုံပြင်ဆရာ ဆိုတဲ့ ပညတ် အကြောင်းလေးပြောပြချင်တာ...
ကျုပ်တို့ မိသားစုလေးပြောင်းလာတုန်းကဆို...ရပ်ကွက်ထဲက ကလေးပုစုခရုတွေဟာ...မိဘ ၊ ပတ်ဝန်းကျင်ကြောင့် ဆဲနည်းမျိုးစုံကို ဘွဲ့ ရပြီးနေပြီ...
"ဆဲနည်း၁၀၀၀အာဂုံဆောင်" "ဆဲနည်းတတ်မှ မျက်နှာလှ" "ဆဲနည်း အဖြာဖြာ မင်္ဂလာ" "ဆဲနည်းဝေဆာ အောင်ကြောင်းဖြာ" လို့များ မှတ်ယူနေကြသလားမသ်ိပါ...မအေ ချင်းက်ို မိုးမွှန်နေကြတာ ကြာတော့ နားမခံသာတော့ဘူးလေ...
အလုပ်မရှိတဲ့ကျုပ် အလုပ်ရှာပြီး တတ်နိူင်သလောက်တော့ သွန်သင်မယ်ဆိုပြီး...ဆုံးဖြတ်လိုက်တယ်
ည ည ဆို ကလေးတွေကိုစု...ဘုရားဝင်းထဲမှာ ပုံပြင်ပြောပြီး သူတို့လေးတွေ နားဝင်အောင် ...ချော့တလှည့် ခြောက်တခါ နဲ့ မဆဲ မဆိုအောင် ပုံပြင်တွေပြောပြီး နားသွင်းခဲ့ပါတယ်...ဆဲတာတွေ လျော့သင့်သလောက်လျော့ လာလို့ ...ကျုပ် အောင်မြင်ပြီဆိုပြီး ဝမ်းသာ ဂုဏ်ယူမိပါတယ်...
အဲ တစ်ညမှာပေါ့...
ကလေးတွေက ပုံပြင်ဆရာတဲ့...ငရဲကျတယ် နတ်ပြည်တက်တယ်ဆိုတွေ နားထောင်ရတာ ငြီးငွေ့ လာပြီတဲ့...သရဲ ပုံပြင် တစ္ဆေပုံပြင် တွေပြောပြပါတဲ့...
ကျုပ်ကလည်း ကလေးတွေကြောက်အောင် ငရဲ အကြောင်း ...နတ်ပြည်အကြောင်း...ကြံဖန်ပြီး ပြောရတာ ကြာတော့ ကုန်သလောက်ဖြစ်နေချိန်မှာ...သူတို့တွေ တောင်းဆိုလာတော့...ပြောမယ်ဆိုပြီး စကား စလိုက်တယ်...
အဲ...တခုရှိတာက ဘုရားပေါ်မှာ ဥစ္စာစောင့် တို့ တစ္ဆေ တို့ ရှိတယ် ခြောက်တယ်ဆိုပြီး နာမည်ကြီးနေချိန်ပေါ့...ကျုပ်ကတော့ ခုချိန်ထိ မတွေ့ဖူး အခြောက်မခံရဖူးပါဘူး...
ကျုပ်က ကလေးတွေ စိတ်ဝင်စားအောင် ဇာတ်လမ်းကို ဖြစ်ရပ်မှန်ဆိုပြီး အစချီလာတာ ...လျှာလိပ်ကြီး အကြောင်းလေ,..
ကလေးတွေလည်း စိတ်ဝင်တစားနဲ့ တဖြေးဖြေး တိုးလာကြတယ်...ဇာတ်ရှိန်အမြင့်ဆုံး ရောက်နေချိန်မှာ...ကျုပ်က ဝါးးးးးးးး ခနဲ့ ခြောက်လိုက်တော့ ကလေးတွေလည်း ကြောက်ပြီး ငိုလိုက်ကြတာဗျာ...ကျုပ်တော်တော် ခေါင်းကြီးသွားတယ်...
ဟုတ်တယ်လေဗျာ...မတော် ကျုပ်ကြောင့် ကလေးတယောက်ယောက်များ တခုခုဖြစ်ကြည့်ပါ့လား... ကျုပ် အမောင်စိုး တယောက် ခုချိန်အထိ ဂျေးလ် ထဲက လွတ်ပါအုံးမလားမသိဘူးဗျာ...
အဲ့ဒီ ကတည်းက နောက် သရဲအကြောင်း တစ္ဆေ အကြောင်း မပြောတော့တာ ဒီနေ့ အထိပါပဲ...
ခုတော့ အမှတ်ရစရာ ရယ်စရာပေါ့ဗျာ
1 comment:
Like !!! ^_^
Post a Comment