အားလံုးကို ၾကိဳဆိုပါတယ္

Friday, September 19, 2014

- လိမ်နည်းအမျိုးမျိုး (အလိမ်မခံရအောင်) ၄

ကျွန်တော်တင်ပြသောအကြောင်းအရာများသည် မသိလျှင် အံ့သြစရာဖြစ်သော်လည်း သိသူအဖို့ ရယ်စရာ ဖြစ်ကောင်းဖြစ်ပေမည်။

၁။ ။ အုန်းသီး အားမခွဲပဲ အရည်ကုန်အောင်သောက်နည်း ။

အံသွားကြား၌ ရှိန်းခိုငုံ၍ အုန်းသီး အညှာအား ကိုက်ဟန်ပြုကာ မိနစ်အနည်းငယ်ခန့်
ကြာပါက အုန်းရည်များ အငွေ့ပြန်ကာကုန်ခမ်းသွားပေမည်။ဤ နည်းအတိုင်း အလောင်းအစားပြုနိုင်သည်။သို့သော်
အထူးမှတ်ရန်မှာ ဝမ်းလျှောပေမည်။

-
၂။ ။အလိမ်အညာ ပယောဂများ

မဖွံ့ဖြိုး မတိုးတက်သော ကျေးလက်ဒေသများနှင့်မသိနားမ
လည်သူများအတွက် ရည်ရွယ်ပါသည်။

အလိမ်အညာပယောဂဆရာများ
သည် ရိုးရိုးနေမကောင်းသူတစ်ဦးအား အမှောင့်ပယောဂ ဝင်နေသည်ဟု ယုံကြည်လောက်အောင် ပြောဆိုကာ
( က ) ဆေးလုံးတစ်ခွက်စာ တိုက်ပြီး
( ခ ) လူနာရှင် ထံမှ သံပုရာသီး တစ်လုံးတောင်းကာ ပါလာသောဓား
ဖြင့် ခွဲလိုက်ရာ သွေးများရဲရဲ နီစွာ ထွက်လာသည်ကိုတွေ့ရပေမည်။
( ဂ ) ပြီးနောက် အန်ဆေးတစ်ခွက်
တိုက်ပြီးခဏကြာ အတုံးငယ်များစွာ
အန်ကျလာသည်ကို တွေ့ရမည်။

က...၄င်းတိုက်သော ဆေးသည်
မြင်းအဆုတ်အား အနေတော်အရွယ်
အတုံးကလေးများ တုံး၍ အခြောက်လှမ်းပြီး လျှက်ဆား နှင့် ရေဖျော်ပြီး လုံးထား-
ခ... ၄င်းယူလာသော ဓားသည်
ဖားပြုတ်ဆီသုတ်ထားပြီး သံပုရာသီး
အချဉ် နှင့် ဓါတ်ပြုပြီး သွေးကဲ့သို့ အနီရောင်များထွက်လာ-
ဂ... အန်ဆေးတိုက်ထားသဖြင့်
တိုက်ထားသော မြင်းအဆုတ်များရေ
နှင့်ထိ၍ ပွလာပြီးကြီးလာ-

အထက်ပါကိစ္စရပ်များကြောင့် လူနာရှင်များ အထင်တကြီး ၊ အား
ကိုးတကြီး ဖြစ်သွားပေလိမ့်မည်။
မှားပေလိမ့်မည် ။ ယင်းကိစ္စရပ်များကြောင့် လူနာ အသက်အန္တရာယ်ရှိနိူင်ပေသည်။
အထူးသတိထားရန်…

No comments: