အဒေါ်တို့ရပ်ကွက်ထဲသို့ စက်ဘီးဖြင့် ၁၇-၁၈ အရွယ် ကောင်လေးထီလာရောင်းလေသည် ။အဒေါ်ကလည်းသနားသဖြင့် ထီ ၃ စောင်ထိုးလေသည်။ ထီဖွင့်လျှင်အကြောင်းကြားမည်ဟုပြောလေသည် ။
ထီဖွင့်ရက်ရောက်သော်လည်းမေ့မေ့လျော့လျော့ပင်...ထီဖွင့်ပြီး ၃ရက်အကြာ ၊ ထီရောင်းသူကောင်လေး နှင့် လူတစ်ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာပြီး... ထီဆိုင်မှ အင်တာနက်ကံစမ်းမဲဖောက်ရာ ထီနှစ်အုပ်ပေါက်ကြောင်း ၊ ထိုးထားသောထီ ၃ စောင်အားတိုက်ကြည့်ရန်တောင်းရာ အဒေါ်က လွယ်လင့်တကူထုတ်ပေးလိုက်လေသည် ။ထိုအခါ ၄င်းက အသင့်ပါလာသောထီပေါက်စဉ်အားထုတ်၍ ထီအကြိမ် ၊ ထီပေါက်စဉ်ဂဏာန်းတို့ကို အဒေါ်ရှေ့ မှာပင် တိုက်ရာမပါကြောင်းပြ၍ အိတ်ထဲမှ ထီနှစ်အုပ်အားထုတ်ပေးပြီး ဒီအကြောင်းကို မည်သူမျှမပြောရန် ၊ သို့မဟုတ်ပါကလူအုံလာပြီးမေးလျှင် မဖြေချင်ကြောင်း ပြောပြီး ၄င်းယူထားသောထီစောင်ကို အဒေါ့်လက်ထဲသို့ထိုးထည့်ပြီး ပြန်သွားလေသည်။အဒေါ်လုပ်သူကလည်း ကံစမ်းမဲထီနှစ်အုပ်ရ၍ ပျော်နေသည် ။ ထိုအကြောင်းကို အရှေ့ ဘက်အိမ်မှ အမကြီးကကြား၍မသင်္ကာသဖြင့် တခြားမှ ထီပေါက်စဉ်ဌား၍ပြန်တိုက်ရန်ထီလက်မှတ်တောင်းရာ ထီတစ်စောင်ပျောက်နေကြောင်း သိရလေသည် ။ ထိုပျောက်သောထီမှ ၂ သိန်းတွတ်ပေါက်ကြောင်းသိလေသည် ။ ငွေ ၂ သိန်းသည်များစွာတန်ဖိုးမရှိသော်လည်း အဒေါ်လုပ်သူမှာအလိမ်ခံရ၍ ရှက်လဲရှက် ၊ ခံလဲခံပြင်းသွားသည် ။
ထိုကြောင့် သတိထားနိူင်ပါရန် တင်ပြလိုက်ရပါသည်။
No comments:
Post a Comment