အားလံုးကို ၾကိဳဆိုပါတယ္

Friday, September 19, 2014

လိမ်နည်းအမျိုးမျိုး ( အလိမ်မခံရအောင်)


ကျွန်တော်သည် သီရိမန္တလာကားကွင်းအနီး ကျင်လည်ကျက်စားသော လူလိမ်များ ( ဝါ ) စိပ်များအကြောင်း ကိုအထက်၌ တင်ပြခဲ့ပြီးပါပြီ ။
ရုံးဖွင့်သောရက်များတွင် အမရပူရ တွင်နေသော်လည်း ရုံးပိတ်ရက်ဖြစ်သော တနင်္ဂနွေနေ့များတွင်၁၉ လမ်းအဒေါ့်အိမ်တွင် အရောက်များရာ ၄င်းတို့ အကြောင်း ခဏခဏကြားရ နားဝ၌မသက်မသာဖြစ်မိ၍ ဤအကြောင်းကိုပဲ တင်ပြမိပါသည် ။

ယခုနောက်ပိုင်း ၄င်းတို့၏သားကောင်များသည် လူငယ်အများစုသာ အဖြစ်များသည် ။ ကြားမိသလောက်တော့ စိပ်များလက်သပ်မွေးထားသောမိန်းမလေးသည် ငယ်ပြီးတော်တော်ချောသည်ဟုသိရပါသည် ။
၄င်းတို့အချဉ်ဖမ်းပြီး ခေါ်လာလျှင်လည်း သိသူအချို့ ကကြည့်မိရင် ဂျို (ချို) ကြည့် ၊ ကြည့်ပြီး မဆိုင်ရင် ဝင်မရှုပ်နဲ့ သေသွားမယ် ဟု မသိမသာ ခြိမ်းခြောက်သောကြောင့် ရပ်ကွက်ထဲမှ ပြဿနာမဖြစ်ချင်သောသူများမှာ စိတ်မကောင်းဖြစ်မိကြသည် ။
စိပ်များခေါ် လာသောလူငယ်များ ပြန်ထွက်လာလျှင် တချို့ က ငိုထားသော မျက်နှာနှင့် ၊ တချို့ က အိပ်မက်ထဲ လမ်းလျောက်နေသူပမာ ...ကြည့်ပြီးစိတ်မကောင်းဖြစ်ရသည်ဟုကြားရပါသည်။
ကျွန်တော်ယခုလိုတင်ပြခြင်းဖြင့် ဖိုရမ်မောင်နှမများထဲမှ ဖတ်မိ ၊ သိရှိလျှင် တစုံတရာအကျိုးများမည်ဟု ထင်မှတ်မိပါသည် ခင်ဗျား.

No comments: