အားလံုးကို ၾကိဳဆိုပါတယ္

Friday, September 19, 2014

- လိမ်နည်းအမျိုးမျိုး (အလိမ်မခံရအောင်) ၃။

။အုန်းပင်ပေါ်မှ အုန်းသီးအား လင်ကွင်း (လကွင်း) တီးယုံဖြင့်
အလိုအလျှောက် ကြွေကျစေသောနည်း..

အလောင်းအစားပြုလျှင် သူ့ထက်အရင် အုန်းပင်အား မြေပြင်အထက် ၁ပေ ခန့်၌ အလယ်အူတိုင်အထိ ငါးမူးလုံးခန့် အပေါက်ငယ် ပေါက်ပါ။
၄င်းအပေါက်ထဲသို့ ပြဒါး ထည့်ပြီး အပေါက်အား လုံအောင် သေသေသပ်သပ်ပြန်ပိတ်ပါ။
မိမိပြသမည့်သူအားခေါ်၍ လကွင်းတီးပြလိုက်ပါ။ အုန်းသီးများကြွေကျ လာသည်ကို
တွေ့ရပေမည်။

(ပြဒါးသည် လကွင်းမှ ကြေးသံကြောင့် အထက်အောက် ရုန်းသော် အောက်ကိုရုန်းမရ၍ အထက်ကိုပြန်ရုန်းသော် ၄င်း၏ တိုးထွက်ရုန်းကန်မှုကြောင့် အုန်းသီး များကြွေကျခြင်းဖြစ်ပေသည်။)

မှတ်ချက်***မစမ်းဘူးပါ။ ကြားဖူးနားဝဖြင့် တင်ပြခြင်းသာဖြစ်သည်။


၄။ ။ဘိလပ်ရည်ပုလင်းထဲသို့ ကြက်ဥ ထည့်နည်း

ကြက်ဥ အား ရှိန်းခိုသုတ်လျှင် ကြက်ဥ သည်ပျော့ပြီး အဝကျဉ်းသော ပုလင်းထဲသို့ ဝင်သွားပေမည်။
**ကြက်ဥ စားလို့မရတော့...
ထုတ်လျှင် ပုလင်းတော့ခွဲရမည်။


၅။ ။ ဘိလပ်မြေ စစ် ၊ မစစ် စမ်းနည်း

(က) ဘိလပ်မြေ အနည်းငယ်ယူပြီး သံပုရာသီးဖြင့် ညှစ်ချကြည့်ပါ ပွက်လာပါက စစ်၏။
( ခ ) ဘိလပ်မြေ အနည်းငယ်ယူပြီး ရေဖြင့်ဖျော်ပြီး လုံးကာ ခေတ္တထားကြည့်ပါက ကျောက်ဖြစ်သွားလျှင် စစ်၏ ။
ရိုးသားစွာဝန်ခံရလျှင် ဤနှစ်နည်းသာ ကျွန်တော်သိပါသည် ။ သိသည့်သူများ ဝင်ရောက်ဖြည့်စွက်ပေးနိုင်ပါသည်ခင်ဗျာ...




No comments: